Saturday, May 30, 2015

လွမ်းရဓည၀တီ

လွမ်းရဓည၀တီ
=========

မိုးရီချိန်လက်မ (၂၀၀) ကျော်ရွာပြီးကေ
ရီယှားရေ တိုင်းပြည် --။

ဆန်ရီစပါးပေါများလို့
ဓည၀တီလို့ နာမည်ရပြီးကေ
ထမင်းငတ်တေ တိုင်းပြည် --။

စေတီပုထိုးများပြားပြီးကေ
မျက်ပြူးဘုရားပေါရေ တိုင်းပြည် --။

တတိုင်က အမျိုးသားနေ့
တတိုင်က အမျိုးသားနိ
ဘရုသုက္ခတိုင်းပြည် --။

တတိုင်က တန်းခူးလပြည့်ကျော် (၁) ရက်
တတိုင်က ကဆုန်လပြည့်ကျေ် (၁) ရက်
ဝိ၀ါဒကွဲပြားရေ တိုင်းပြည် --။

ရခိုင်ပြည်မှာနီပြီးကေ
ကုလားခွတ်လို့ ထွက်ပြီးရရေ တိုင်းပြည် --။

ရခိုင်ဧက ဒွေးမရ
ကောက်ရိုးမီးတောက်တေ တိုင်းပြည် --။

(မောင်ပေါက်)(ရခိုင်ပြည်)

(၂) နှစ်မြောက် ရခိုင်အမျိုးသာနိအကြို အမှတ်တရ ကဗျာ။

Saturday, May 23, 2015

ရခိုင်ရာမယနဇတ်

ရခိုင်ရာမယနဇတ်
===========

ဗီဇကပင် ဇတ်ကဖို့ဝါသနာပါလို့
ပတ်သံကြားစွာနန့်
ရွစိစိဖြစ်ပါလတ်တေ --။

မယ်သီတာကို ဒသာဂီရိခိုးခန်း
ပတ်ကြမ်းကြမ်းနန့်
တခန်းနွှဲလိုက်ချင်ရေ --။

ဟာနုမန်မျောက်ကလည်း
လိမ္မာလိုက်တေနန့်
သိန်းခိုပြည်ကို မီးတိုက်လို့
အလောင်းတော်ရာမဖက်က
စစ်ကူတိုက်တေ --။

ဇတ်သိမ်းမှာ
အလောင်းတော်ရာမနန့် မယ်သီတာပေါင်းဖက်
ပရိဿတ်ကျမျက်ရည်
ဝမ်းသာကြည်နှုးဖြစ်ရရေ --။

ရခိုင်သားတိ
မျန်မာစကား မပီကလာ ပီကလာနန့်
ကပြရေ ခရမ်းသီးဇတ်ကို
ရှိဆုံးက ဖျာခင်း
မိုးတလင်းကြည့်လည်း မညီး --။

ယေလည်း လက်တွိမှာ
မယ်သီတာကို ဒသာဂီရိ ခိုး
မုဒိမ်းလည်းကျင့် အသီသတ်
ခေါင်းလည်းဖြတ်ပစ်လိုက်တေ --။

အလောင်းတော်ရာမလည်း
သူခိုးလိုက်စွာ
သူခိုးက အပြန်လိုက်လို့
ဒယွားမရ ထွက်ပြီးဖို့ကျရေ --။

ဟာနုမန်မျောက်ကလည်း
ရိက္ခာတိုက်ကို ၀င်ဖောက်လို့
ထမင်းငတ်ကေ
မြို့ထဲပြန်ဝင်လာရရေ --။

ညီတော်လက္ခဏလည်း
ကာလနဂါးဖြစ်လို့
ကောက်ရိုးပုံထက်မှာ အိပ်နီစွာ
မိုးကြိုးပစ်လို့ မနိုး --။

ပတ်သံ ဗုံသံ နှဲသံကြားကေ မနီနိုင်လို့
တချက် ထကကြည့်ခီမှာ
အလောင်းတော်ရာမနန့် ညီတော်လက္ခဏ
မျက်ရည်စက်လက်နန့်
(နောက်ဘိတ်ဆုံးမှာ)
မယ်သီတာအုပ်ဂူရှိမှာ
ပန်းကွင်းချဖို့ရာကျရေ --။ ။

(သာလှဦး) (April 2, 2015) (ကသစ်ဗုဒ္ဓိ) နိ။

Saturday, May 16, 2015

သံဝေဂ

သံဝေဂ
=====

အလှဆိုကေလည်း
တခဏ အသက်ကြီးလာကေ
အချေခါက အလှ
သုံးစားမရ ပျက်စီးတတ်တေ --။

မိတ်ကပ်ဖို့လည်း
မပို့ --။

အရီတွန့်ကို
ဆန့်လို့ မစန့် --။

သံဖရာသီးက
ကြီးလီချဉ်လီ --။

သရက်သီးက
ကြီးလီချိုလီ --။

လူအိုသီးက
ကြီးလီပြိုလီ --။

ဆံပင်ကဖြူ
သွားကလည်း ကျိုး
ခါးချေက ကုန်း
မျက်စိက မှုန်
နားကလည်း ပင်း
အခြင်းပြောလို့
မကြားစွာ တခုရာ ကောင်းယင့် --။

(သာလှဦး)

Friday, May 15, 2015

အညင်းသီးအငေါင်း

အညင်းသီးအငေါင်း
==========

မချေမှာ
လင်မရခင် (ဧ့) ကိုက်ခံရ --။

နပျိုးတုံးကို ခေါင်းအုံးလို့
ဆုံးဖို့ယေ တဘ၀ --။

(သာလှဦး)